Tuesday, December 18, 2007

ဝိနည်းနှင့်ညီင်္ကန်းစစ်တာရွှေပြည်ဦးနှင့်ရွှေနေကြာ
မြတ်စွာဘုရားဟာ ရာဇဂြိုဟ်မြို့က ဒက္ခိဏဇနပုဒ်ကို ဒေသစာရီ ကြွချီတော်မူတဲ့အခါ မဂဓတိုင်းသားတို့ရဲ့ လယ်ကွင်းတွေကို တွေ့မြင်တော်မူပြီး အရှင်အာနန္ဒာအား လယ်ကွင်းပုံစံ နည်းပေးပြီး သင်္ကန်းကို ချုပ်လုပ်စီရင်တော်မူခဲ့ပါတယ်။ အရှင်အာနန္ဒာ ကလည်း မြတ်စွာဘုရား ခိုင်းစေတော်မူချက်အတိုင်း
ရဟန်းများ ၀တ်ရုံဖို့အတွက် မြောင်းတို၊ မြောင်းရှည်၊ အိမ်ဝန်းကြီး၊ အိမ်ဝန်းငယ်၊ အလယ်ခေါင်၊ ခေါင်နဲ့အနားပတ်တွေကို ဖြတ်သင့်သည်ဖြတ်၊ စပ်သင့်သည်ကိုစပ်ပြီး သင်္ကန်းဖြစ်အောင် စနစ်တကျချုပ်လုပ်စီရင်ပါတယ်။ အဲဒီအချိန်ကစပြီး မြောင်း၊ အိမ်တို့နဲ့ ဖွဲ့ချုပ်တဲ့သင်္ကန်းကို ရဟန်းတွေ ၀တ်ရုံခဲ့ကြပါတယ်။ စက်မှု(၁)ကချုပ်တဲ့ ယပ်တံဆိပ်တဖြစ်လဲ ရွှေပြည်ဦးနဲ့ရွှေနေကြာသင်္ကန်းတွေဟာ အထက်ကဖော်ပြပြီး ခဲ့တဲ့ မြတ်စွာဘုရားရဲ့မိန့်ကြားချက်နဲ့အညီ၊ ဒုတိယအကြိမ် နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ရဲ့ သြ၀ါဒအတိုင်း ၀ိနည်းတော်နဲ့အညီ ၅ ခန်းတွဲ ၅ စပ်၊ ဒါးခွဲ ဒါးဖြတ်ပြီး အခန်းဖွဲ့ချုပ်လုပ်ထားတဲ့ သင်္ကန်းတွေဖြစ်ပါတယ်။
အဲဒီလိုဝိနည်းတော်နဲ့အညီ ချုပ်လုပ်ထားတဲ့ သင်္ကန်းမျိုးကိုလှူပါမှ လှူသူ အတွက်ရော အလှူခံသူ ရဟန်းအတွက်ပါ နှစ်ဦးနှစ်ဝ အကျိုးရှိနိုင်ပါတယ်။ သင်္ကန်းနဲ့ ပတ်သက်လို့ ကြားဘူး၊ သိဘူးထားသမျှထဲမှာ ၀ိနည်းတော်နဲ့မညီတဲ့သင်္ကန်းမျိုး နဲ့ကထိန်းခင်းရင် ကထိန်အထမမြောက်ဘူးလို့တောင် သိရပါတယ်။
ဒါကြောင့် စက်မှု(၁)က ထုတ်လုပ်တဲ့ ယပ်တံဆိပ်သင်္ကန်းတွေဟာ ၀ိနည်းနဲ့အညီ ချုပ်လုပ်ထားပြီး၊ လှူသူအတွက်ရော၊ အလှူခံသူအတွက်ပါ၊ ဆရာဒါယိကာ နှစ်ဦး နှစ်ဝအကျိုးရှိတာကြောင့် ၀ယ်ယူလှူဒါန်းသူတွေများပြားလှသည်ကို အခွင့်ကောင်း ယူပြီး ယပ်တံဆိပ်စက္ကူအတု၊ ယပ်တံဆိပ်ကဒ်ဘူးအတုများပြုလုပ်ကာ မလျော်ကန်တဲ့ သင်္ကန်းတွေ ထည့်သွင်းရောင်းချတာတွေ ဖြစ်လာပါတယ်။ ပုဂ္ဂလိက ပြည်ထောင်စု သင်္ကန်းတိုက်က စက်မှု(၁)သင်္ကန်းများကို အတုပြုလုပ်ရောင်းချနေတာကို ဖမ်းမိလို့ ဗဟန်းရဲစခန်းမှာအမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီလို အလှူ မမြောက်တဲ့သင်္ကန်းအတုတွေကို ၀ယ်ယူလှူဒါန်းမိရင်၊ လှူဒါန်းသူအဖို့ စိတ်ဆင်းရဲရ၊ စိတ်အနှောင့်အယှက် ဖြစ်ရမှာပါ။ ဒါကြောင့် ကုသိုလ်ပြုလုပ်တဲ့အခါ စိတ်ချ လက်ချကုသိုလ်ပြုလုပ်နိုင်ဖို့ ၀ိနည်းနဲ့မညီညွှတ်တဲ့ သင်္ကန်းတွေကိုရှောင်ရှားပြီး၊ ၀ိနည်းနဲ့ညီညွှတ်တဲ့ ရွှေပြည်ဦး(ပေါ်ပလင်သင်္ကန်း)နဲ့ ရွှေနေကြာ(စီဝိုင်စီသင်္ကန်း) တွေကိုသာ ၀င်းသူဇာအရောင်းဆိုင်များနဲ့ ရန်ကုန်မြို့ ရန်ကင်းအထည် ချုပ်စက်ရုံ အမှတ်(၂၇)၊ အမှတ်(၁)ကမ္ဘာအေးဘုရားလမ်း၊ ဆီဒိုးနား ဟိုတယ်အနီး၊ တယ်လီဖုန်း နံပါတ် ၅၄၄၁၂၁နှင့် ၅၅၄၁၇၇ တို့ကိုဆက်သွယ်ပြီး လက်လီလက္ကား ၀ယ်ယူနိုင် ပါကြောင်းနှင့် ပြင်ပဆိုင်များမှဝယ်ယူပါက ယပ်တံဆိပ်ကိုလုံးဝမ၀ယ်ဖို့နဲ့ ရွှေပြည်ဦး၊ ရွှေနေကြာသင်္ကန်းတွေဝယ်ရင်လည်း ကဒ်ဘူးအတွင်းမှ ပလတ်စတစ် အိတ် ဖွင့်ဖေါက် စစ်ဆေးပြီးမှ ၀ယ်ယူကြပါလို့ နှိုးဆော်လိုက်ရပါတယ်။
မှတ်ချက်။ ရွှေပြည်ဦးနဲ့ရွှေနေကြာသင်္ကန်းအစစ်များသည် ပိန္နဲရောင်တစ်မျိုးတည်း သာဖြစ်ပါသည်။ သင်္ကန်းထောင့်တစ်နေရာတွင် စာတမ်းတံဆိပ်ပါ ဖဲသားစကို ကပ်ချုပ် ထားပါသည်။